Monday, April 1, 2013

နှင်းပျောက်တဲ့နွေ

ရေး - ကိုသက်ဦး
ဆို - လွှမ်းမိုး


နှင်းငွေရောင်ဖြူလွ တူစွသဏ္ဍာန်ပေ  ငွေရည်ပုလဲနုတို့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ
နှင်းတွေဝေကျ ဆောင်းဟေမန္တပြောင်း နှောင်းပြန်တော့လေ
ဟောင်းရွက်ကြွေ မြေမှာခကြွေကာကာကျတဲ့ အခါသမယမှာဘဲလေ
သြော် နွေဦးရောက်ပြီ နှင်းလည်းပျောက်ပြီ

နှင်းမှုံရည် ပုလဲငွေဥသဏ္ဍန်ပေ မောင့်ရင်ထဲစွဲလန်းမျှော်မှန်း ရမ်းရော်နေဆဲမှာလဲ
ရာသီအချိန်ပြောင်းနှောင်းခဲ့ပေါ့လေ လေရူးဆော်ကာ နှောက်ခြေတော့
ှပျောက်လေပြန်ပေါ့နှင်းရေ နှင်းရေ
နှစ်ကိုယ်တူကြည်ဖြူမယ်လေ  ရည်ရွယ်စိတ်ထဲ ကြိတ်ခဲလို့ဘဲနေ ပျော်ပွဲဆင်လို့လေ
ဘယ်ဝယ်ဘယ်လမ်းကိုဖြင့်မှန်းသလေ လွမ်းမပြေ တမ်းတမျှော်ရင်းနှင်းနှင်းပျောက်တဲ့နွေ

ချစ်သူနှင်းရေ ရင်တွင်းမချိအောင်လေ စွဲရစ်နှောင်ဖွဲ့ ပါလို့ မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ကြည်ဖြူမျှတ  သြော် ကြည်ဖြူရမှ နှင်းကမပေါ်လာတော့ပေ
သြော်တကယ်တမ်း စမ်းစစ်တော့ မြူနှင်းလေလားဆောင်းလေလား
စိတ်မှာထွေပြား မခွဲခြားနိုင်ခဲ့ ကြင်ဖော်ကင်းတယ်လေ
နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေ

No comments:

Post a Comment