Monday, April 1, 2013

မွှေးလွန်းသည့်ပန်း


ရေး - ဘိုကလေး တင်အောင်
ဆို -  လွှမ်းမိုး

မွှေးလွန်းသည့်ပန်း မနန်းဝံ့ပြီ လှလွန်းသည့်ပန်း  မလှမ်းဝံ့ပြီ
မာယာပရိယာယ် နှစ်သွယ်ယှက်လို့ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်
အသဲလွှာမြေမဟီ ဒေဝီဘုရင်မတစ်ပါး သင့်အားတုဖက်ပြိုင် ကျွန်တော်မျိုးတော့ဖြင့်မနိုင်ပါပြီ
ဆုံးရှုံးခြင်းသာရင်မှာပိုက်လို့ငိုရိုက် ခါအဝေးပြေးရပါတော့မည်

ကိုယ်မေတ္တာ တရားသည် အင်အားလို့ပင် မှတ်တင်ယုံကြည် မနိုင်ရာပြိုင်ကာစမ်း လွမ်းရခက် ပွေလီဖြေမဆည်
မေတ္တာနယ်မြေကျွမ်းလေသူက အစွမ်းပြ ဟစ်ကြွေး စစ်ရေးတွေချီ
အချစ်ပုလ္လင်ကို စစ်ဘုရင်လို သဘောထားမှာထား ဆုတ်တက် လှုပ်ရှား ကစားခဲ့ပြန်သည်
သူ့မှာအပျင်းပြေနင်းခြေ ကျွန့်အသည်း ဟစ်ခါဘဲ ရယ်မောမည် နှလုံးသားမှာစီးသွားယိုဖိတ်
အသွေးအဆိပ်ပင်စည် တုံ့ပြန် မေတ္တာလူးလာနေပုံ ကြောက်ရွံ၍ တုန်လှုပ်မိပါပြီ

No comments:

Post a Comment