Monday, April 1, 2013

ကြာလေလေခိုင်မြဲလေလေ

ရေး - ကိုလေးလွင်
ဆို - လွှမ်းမိုး


သြော်  တွေ့မြင်ချင်ရေးငယ်နဲ့ မတွေ့သာမမြင်မမြင်သာတော့လည်း ပိုပြီးတွေ့ချင်ပါပေ
လူ့စိတ် ဆိုသည်မှာသည်သဘောပဲမေ  မရတာကိုမှ လိုချင်ကြပြန်ပေ
ခက်ခဲသော်လည်းရအောင် ချူပြမလေ ချူပြမလေ အမြင့်မှာမဝံ့ပါနဲ့လေ
ပန်းကလေးအချစ်ရေ  ချူတဲ့သူ တံချူအနား ညွတ်ယိမ်းပါလားမေ


ကြာလေလေ ချစ်တဲ့စိတ်က ခိုင်မြဲလေလေ အချစ်ဦးရေနားထောင်ပါမေ
တစ်သက်မှာ တစ်ယောက်ထဲ စွဲလန်းချစ်နေ မခွဲတန်းအချစ်ဝေ
မေ့အပေါ်မေတ္တာထားတာ  ကြာလေလေ  ခိုင်မြဲလေလေ


ကိုယ့်အသိ ကိုယ့်ရင်ထဲမှာ ပြောစရာဆိုရင် ချစ်တဲ့သူအပေါ် ချစ်တယ်ဆိုတာ မုန်းဖို့မပါပေ
အလှပေါင်းထောင်စု ကိုယ့်စိတ်ကို ညွတ်အောင် ပြုလည်းလည်းလေ
မတုန်လှုပ်ပါမေ့အပေါ် မေတ္တာမြဲနေကြာလေလေ  ခိုင်မြဲလေလေ

No comments:

Post a Comment