Monday, April 1, 2013

အချစ်သို့ရှုံးနိမ့်ခြင်း

ရေး - ရွှေဂျော်ဂျော်၊ စိုင်းစိုင်းခမ်းလှိုင်
ဆို - စိုင်းစိုင်းခမ်းလှိုင်

ဒါအချစ်တဲ့လားရင်မှာ အသည်းလေးကွဲလေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ
မျှောလွင့်တဲ့လေပြည်ကြားမှာ မတ်မတ်ရပ်ရင်းသတိတွေရ မိုးတိမ်ကိုမော့ကြည့်ကာ လေတံခွန်လားဝဲပျံသွားအနမ်းတွေအားလွမ်းနေရ ကမ်းခြေကအထီးကျန်သွား မီးလျှံများခုန်ပေါက်ပြေးဆော့ ပတ်ဝန်းကျင်မှာအကျည်းတန်သွားအရင်ကဆို ဒီညလိုစိတ်ဆင်းရဲစရာမကောင်းဘူး သိပ်ဝမ်းနည်းစရာကောင်းတာတစ်ခုက မင်းကအနားမှာမရှိတော့ဘူးမချစ်တော့ဘူးဆိုရင်လည်း မင်းစိတ်ကြိုက်သာ လုပ်ပါလုပ်ပါ လမ်းပေါ်မှာအချိန်တွေဖြုန်းကုန်ဆုံးသွားတဲ့ရက်ပေါင်းများစွာ

ဒါအချစ်တဲ့လား အိမ်ပြန်လမ်းနဲ့ဝေးလေပြီ မင်းမျက်ဝန်းတွေထဲ ကိုယ်ကျဆုံးပြီ
(သေချာတယ်ကိုယ်အသည်းကွဲပြီ )
ဒါအချစ်တဲ့လားရင်မှာ အသည်းလေးကွဲလေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ
နောက်တစ်ယောက်နဲ့တွဲတယ်ဆို မင်းကငါ့ကို အထင်တွေလွဲ ရှုပ်တယ်လို့နာမည်ကြီးတော့ရှင်းပြဖို့ကခက်နေလည်း မျက်ရေကသက်သေပဲ ရက်တွေတိုင်းမှာငိုချင်းချလိုရင်းကဘာလဲဘာလဲအချစ်ဆိုတာပိုရှင်းသွား နှင်းကျတဲ့ရက်တွေမှာဆို ကိုယ်အိမ်တောင်ကိုယ်မပြန်ချင်တော့ မြက်ခင်းပေါ်ကျောခင်းပြီးတော့ ဒီလိုနဲ့မိုးတောင်လင်းပေါ့
နေမင်းကရက်ရက်စက်စက် ငါ့အတွက်တောက်လောင်လွန်းတော့ သေလုအောင်လွမ်းတာများ ဒီရောဂါနဲ့လွမ်းတာကျပေါ့  ဒါအချစ်တဲ့လား အိမ်ပြန်လမ်းနဲ့ဝေးလေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ

No comments:

Post a Comment