ရေး - မောင်ဆွေနွယ်
ဆို - လွှမ်းမိုး
ဝေးကြလေသောအခါ သွေးကပြောလာ မေတ္တာများ မောင့်အားနှိပ်စက်ကြပါပေ
အိပ်မပျော်သောညတွေ အသင်္ချေ မြင်တွေ့နေကြ ချစ်မျက်နှာလေး ဘယ်ပျောက်နေသလဲလေ
ကိုယ်တစ်ယောက်ထဲနေမှ ပိုလို့တမ်းတရတယ်လေ အို နှစ်ယောက်ခွဲနေမှ ပိုလို့မှန်းဆရတယ်လေ
ပျောက်ပျယ်ရှာ သက်ဝေနှမအတွက်လေ နောက်ကွယ်မှာရတက်ပွေရရက်တွေ
လျှောက်လည်ကာ အရှက်ပြေပြခက်နေ ထောက်ထားစိတ်မှာ ယောက်ကျားသိက္ခာစောင့်စည်းကာ
လွမ်းမယ့်အဖြစ်တွေပြော ပြောမယုံ ကြုံဖူးမှသိကြမှာပါလေ
တစ်ယောက်ကို တစ်ယောက် ကသစ္စာရှိလျှက် ဘဝတာဝယ် မေတ္တာကတိ မပျက်ကြပါကွယ်
သို့သော်လည်းချစ်ကံကြမ္မာဝိဘတ် ကသနားမညှာတာတယ်
ဝေးကြပြီကောကွယ် ဝေးကြပြီကောကွယ်
အရွယ်တူအချစ်ကလေး စံပယ်ဖြူ အနှစ်ထွေးရေ ချစ်ခင်ပေါင်းသင်းဆက်ဆံ ခြင်းက
ကွေကွင်းနောက်ဆုံးရယ်လို့ သဘောသရုပ် အမှန်စကားနဲ့ဟောထုတ်ကာကြားတဲ့
စေဗုဒ္ဓါဘုရားရဲ့လောကုတ္တရာတရားနှင့် ဖြေလည်းမပြေ
ဂုဏ်မာယာဟန်နွဲ့ကံဧည့်သည် ခွဲမှုရယ်ကြောင့် အသည်းနုသူ မိန်းကလေးတွေလိုရင်ထဲလှိုက်ဖိုရှိုက်ငိုလို့လည်းမဖြစ်ပေ အချစ်ရေ အသက်ရေအသည်းဖြူမလေးရေ ဘယ်သူတွေထောက်ထားမညှာလည်း ယောက်ကျားမှာလည်းအသည်းနဲ့ဆိုတာပြောမယုံကြုံဖူးမှသိကြမှာပါလေ

No comments:
Post a Comment