Monday, April 1, 2013

အလွမ်းတွေထဲမှာငါတစ်ယောက်တည်း

ရေး - ကိုနီတင်
ဆို - မာရဇ္ဇ


အကြင်နာမထားနိုင်တဲ့ ဟိုအရင်ချစ်သူရေ မင်းလည်းမမှားဘူးကွယ်
အစာနာမထားနိုင်တဲ့ဟိုအရင်ကသူငယ်ချင်း မင်းလည်းမမှားဘူးကွယ်
အာရုံဦးပွင့်တဲ့နေမင်းရယ် မိုးထက်ညလင်းတဲ့လသခင်ကိုငါမြတ်နိုးပြီ
ဟေ့ရက်ဆက်ကြည့်မယ် အကြည့်တွေထဲမှာ ငါတစ်ယောက်တည်း
လူတွေနှလုံးသားရှိတာအမှန်ပဲလား ပန်းရနံ့မွေးပျံတာဟုတ်ပါ့မလား

ငါတစ်ကယ်သိချင်လို့မေးကြည့်ပါရစေအမေးတွေထဲမှာငါတစ်ယောက်တည်း
အကြင်နာမထားနိုင်တဲ့ ဟိုအရင်ချစ်သူရေ မင်းလည်းမမှားဘူးကွယ်
အစာနာမထားနိုင်တဲ့ဟိုအရင်ကသူငယ်ချင်း မင်းလည်းမမှားဘူးကွယ်
လူတွေလှမ်းသွားတဲ့ အချိန်များကိုလိုက်ရတဲ့ငါ့ခြေလှမ်းတွေရယ်
တစ်ခါတစ်ခါတော့မောပြီဟေ့ မောလည်းပြေးမယ် အပြေးတွေထဲမှာငါတစ်ယောက်တည်း
ဆယ်ခါလှမ်းပြည့်တဲ့ ကမ္ဘာလေးထဲမှာ မီးလေးတစ်တို့ရရင် ဝမ်းသာမယ်
ကြင်နာမှုတွေကိုကြားစမ်းပါရစေ  အကြားတွေထဲမှာငါတစ်ယောက်တည်း

အကြင်နာမထားနိုင်တဲ့ ဟိုအရင်ချစ်သူရေ မင်းလည်းမမှားဘူးကွယ်
အစာနာမထားနိုင်တဲ့ဟိုအရင်ကသူငယ်ချင်း မင်းလည်းမမှားဘူးကွယ်
ငယ်စဉ်ကချစ်ခဲ့ရသူလေးရယ် ကြီးလည်းချစ် ချစ်လာရသူရယ်

No comments:

Post a Comment