Monday, April 1, 2013

ပထမအချစ်

ရေး - ဒိုးလုံး
ဆို - ဒိုးလုံး


လျှောက်ခဲ့ဖူးတဲ့ လမ်းများအတိုင်းပဲ ငါ
စိတ်ကူးယဉ်ဆန်တဲ့ ချစ်တတ်စအရွယ်
ပညာသင်ကြားနေတုန်းပေါ့ အချစ်နဲ့တွေ့ခဲ့ရ
ငါလေ ရှောင်လွှဲလို့ မရ ဘယ်လိုမှန်းလည်း မသိ ငါသေနိုင်တယ်

အချစ်နဲ့ တစ်ခါမှ မစွဲငြိဘူးတော့ ငါ မင်းတစ်ယောက်ကို
တကယ်ပဲ ချစ်မဝခဲ့ အမှောင်ကို အလင်းထင် ငါ့ဘဝ အသိကစိတ်နဲ့တင်ကွာ
အရာရာကို ဖောက်ထွင်းလို့ လွယ်ကူစွာ ကျော်လွှားရင်း ငါမယုံနိုင်ပြီ

မင်းအကြိုက် ငါ့ဘဝအဆုံးထိ ဘာမဆိုဖြည့်ဆည်းရင်းနဲ့ပေါ့
ငါ့နှလုံးသားက မင်းရှိရာကို ပျံသန်းလို့သွားခဲ့
နောက်ပြန်မလာနိုင် အရှည်လျားဆုံး အရိပ်အောက်မှာမျောနေ
ငါနိုးထတော့ အမှောင်ပျိုးချိန်

ပန်းလေးတစ်ပွင့်လို မင်းလှလွန်းတော့ ငါ တိတ်ဆိတ်စွာရင်ထဲ
ခလုပ်တိုက်နေ ဘယ်လိုရူးသွပ်ခြင်းလဲ အချစ်က ပြောင်းလဲခြင်းလား
အရင်လိုနေလည်းမရ အရည်လိုပျော်သွားခဲ့ ငါမခံနိုင်ပြီ

9:33 PM 4/8/2013

No comments:

Post a Comment