ရေး - ရဲလေး
ဆို - ရဲလေး၊ ဂျိုကာ
အခုဆိုနေတဲ့သူက ရကောက်နောက်ပစ်နဲ့ရဲဦးထုပ်ကို နောက်ပြန်ဆောင်းလူငယ်တွေမြောက်တင့်တဲ့ပွဲ
ငြိမ်မနေကြနဲ့ အချိန်တွေကလည်းရူကြောင် မူးကြောင်နဲ့ ကောင်းကင်ကိုမော့ကြည့်တော့တိမ်တွေကမည်း
တန်ဘိုးကအိပ်တီးနိုင်း ကောင်မလေးဆို လေဒီဟိုင်း နောက်ကြောင်းတွေ ကြည့်မနေနဲ့ ညကိုချိန်းလိုက်
ရွှေလီလှိုင်းရပ်မနေနဲ့ ခေါင်းခါကြည့်လက်တွေလည်းညောင်းလာပြီဟေ့ ဘေးကိုကြည့်လိုက်
second generation ရဲ့အပေါင်းအပါကြီး ပရိသတ်တွေကအစုံပါပဲ ရောနေတာအဖြူအမဲ နာမည်ကြီးမော်ဒယ်ကိုတွေ့လိုက်ပါတယ် သူကဘယ်သူ့နဲ့တွဲ အိမ်ကလက်ကျန် အခွေတွေကိုလည်း
မင်းအတွက်ယူခဲ့တယ် သီချင်းခွေ အသစ်ရဲ့ ခေါင်းစဉ်နာမည်ကတော့ တူနှယ်တယ်နဲ့တယ် မင်းတစ်ယောက်တည်းမဟုတ် hip hop ကိုအားပေးတာအသိုင်းအဝိုင်းနဲ့ မရိုင်းစိုင်းဘဲ အောင်မြင်မှုတွေရယူပါအပိုင်းပိုင်းနဲ့တစ်ခါတစ်လေမှာ ငါ့စိတ်ကြိုက်ပေါက်ကရတွေနဲ့ တစ်ဆုံးစင်ပေါ်မှာ ထမဝုန်း ငါဟစ်ဟော့မျက်နှာဖုံး ဟေ့ကောင်ဘာပဲပြောပြော ခေါင်းထဲမထည့် ရိုင်းစိုင်းနေတဲ့စကားတွေကို အရောင်တွေမဆိုးနဲ့ ပရိသတ်ကြီးအတွက်နားလည်မှုလွဲသွားစေလို့ သိက္ခာရှိတဲ့ကာရံတွေကြားလွင့်ကာမြောက်လို့သွား ဒါကအသစ် up to date ကြီးပဲ အမြင့်ကိုရောက်ဖို့က
ဝမ်းတူး ဝမ်းတူး လက်တွေက ဒီလို ဒီလို ဝမ်းတူး ဝမ်းတူး မြူးကြွဖို့ဒီလို သီဆို ဝမ်းတူး ဝမ်းတူး
အခုမင်းရဲ့နောက်ကိုကြည့် လူတကာငြိ ဟစ်ဟော့ ဘိ
ငါက second generation/အခုအားလုံးပျော်မယ်ဟေးရိုး
လက်ထဲမှာကိုင်နေတာ မိုက်ခ် မနာလိုသူကိုမမြင်ယောင်ဆောင်လိုက် ဒီလူငမိုက်ငါမကြိုက်သူ့ပုံစံကိုငါမမိုက် လူတကာကိုအပြုံးနဲ့ဆောင်လိုက်ငါဂီတ ငါသာထွေးပိုက်ပုံစံမျိုးစုံနဲ့
တိုက်ခိုက်နေလည်းကောင်းတဲ့သူကရိုက် ငါတို့ရဲ့အောင်မြင်မှုက ပရိသတ်လက်မှတ်ရှိတယ် ပါးစပ်ပေါက်
ထဲကထွက်တဲ့ ကာရတ်မင်းတို့ရင်ကိုထိကွယ် ရန်တွေဆောင်နေရင်ကြရင်လည်းကြာလာရင်တော့ငြိမယ် မနာလိုသူတွေမသိမင်းတို့ခေါင်းကိုလိုက်ကာကြည့် ညောင်းတယ်ဆိုပြီးတော့မနားဘူး ကြိုက်သလိုပြောပါနားမခါးဘူး ပရိသတ်အတွက်ပဲရပ်တည်နေတာ ဘယ်တော့မှငါမကြွားဘူးမတိုက်ခိုက်ပါဘူးကိုယ်နေရာနဲ့အေးဆေးနေတဲ့ ဘဝ ကြိုက်သလိုစမ်းကြ ကြိုက်သလိုပြောကြ မင်းရဲ့ဘေးကမဟေသီတွေတောင် မစုလိုက် အစုလိုက် ကဲကာ ခရိုင်မင်းဒန့်ဆာ
၁၀ ယောက်ကလို့စိတ်တွေမပူနဲ့ လက်ထဲရောက်လာမှာက ငါတို့ပေးမယ့်ဟစ်ဟော့မိတ္တူပဲ
အားလုံးလန်းတဲ့music ကဘာလဲဟစ်ဟော့ အားလုံးရူးပြီးထုတစ်တာကဘာလဲ
ဟစ်ဟော့ အားလုံးက music ကဘာလဲဟစ်ဟော့ အားလုံးကြွပြီးထုတစ်တာကဘာလဲ
ဟစ်ဟော့
(အရမ်းမိုက်တယ်ဟေ့ အရမ်းမိုက်တယ်ဟ)
(အရမ်းမိုက်တယ်ဆိုရင် လက်တွေမြောက်ပြီးက)

No comments:
Post a Comment