အခြား သီချင်းစာသားဆိုဒ်များ

Monday, April 1, 2013

နေ့ရယ်ညရယ်

ရေး - ဖိုးချို
ဆို - မီးမီးခဲ


ရင်ထဲမှာငြိတွယ်ပြီး ခံစားလာ ဒီအချစ်ကို ကိုးကွယ်မျှော်လင့်နေ
ရူးလောက်အောင်ချစ်သွားပြီ မင်းကမသိနိုင်ပြီ
ကိုယ့်နားမှာ မင်းကို ရှိနေချင်တဲ့စိတ်နဲ့

နေ့ရယ်ညရယ် အချိန်တွေကုန်ဆုံးလည်း တစ်ယောက်တည်းဒီဘဝဟာ အရင်အတိုင်းပဲ
ဒီဝဋ်ကြွေးများ ဆပ်လို့မကုန်သေးဘူး ပြန်မလာတဲ့သူ

နာကျင်လွယ်တဲ့ အသည်းက တစ်ယောက်တည်းချစ်ခဲ့တော့လည်း
ဒီကမ္ဘာကြီးဆုံးထိ ဆက်ချစ်ယုံပဲ သူရက်စက်ချင်လည်း ရက်စက်နိုင်တယ်
ကိုယ့်ရင်ထဲ ထာဝရအတွက်/တစ်သက်လုံးအတွက် ဒီအတိုင်းပဲ

မြတ်နိုးစွာငြိတွယ်ပြီး ခံစားလာ ဒီအချစ်ကို ကိုးကွယ်မျှော်လင့်နေ
ရူးလောက်အောင် ချစ်သွားပြီ မင်းတော့မသိနိုင်ပြီ
ကိုယ့်အနားမှာ မင်းကို ရှိစေချင်တဲ့ စိတ်နဲ့
သံယောဇဉ်များစွာ နှောင်ဖွဲ့လည်း တစ်ယောက်တည်းဒီဘဝဟာ အရင်အတိုင်းပဲ
တို့စိတ်မကုန်သေးဘူး ပျော်နိုင်တဲ့သူ

9:48 PM 4/8/2013

No comments:

Post a Comment