ရေး - ကိုလေးလွင်
ဆို - ထူးအိမ်သင်
ဝိညာဉ် စိတ်ရှိုင်းနက်တယ် က လူသလို လူကိုမြူဆွယ် ကျီဆယ်
ဘုရားသခင်ရှေ့ကျွန်ုပ်ရောက်တယ် တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်
ငွေစန္ဒာယာဉ်အရောင် ပြိုးပြိုးပြက်ပြက် ဆောင်ဘယ်ဆီခေါ်မယ်
ပြောလည်းမပြောဘဲ ပွေ့မှလိုသူဘုံပျံနတ်နန်း လေးဆီ
ဖြည်းဖြည်းငြိမ့်ငြိမ့် လေးကွယ်
ကိုယ့်ကိုအများလူတွေကမမြင် ပီပီပြင်ပြင် အဖြေအနေကိုကွယ်
ပြောပြတော့ဝမ်းနည်းမိတယ် တမလွန်ဘုံမှာအိပ်စက်ရပေါ့ကွယ်
(မမြင်ဘူးလို့တော်တော်ကြာအောင် ငေးမောလို့ကြည်တယ်
လှေဝယ်စောလေ ဘယ်ဆီသွားမယ်ဟိုးဝေး
ခက်ပြီကွယ် တစ်ယောက်တည်းလိုက်ခဲ့တဲ့
ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်)

No comments:
Post a Comment