ရေး - လင်းမောင်မောင်
ဆို - မာရဇ္ဇ
ကြယ်စင်တွေမဲ့တဲ့ည
အမှောင်မှာရူးသွပ်ရင်းငါ့ဘဝ
ခါးသီးခြင်းများအား
အဆုံးမဲ့တဲ့ မိုးသားထက်ဆီလွင့်လို့ ငါ့စိတ်များ
မျှော်လင့်ချက်များကြေကွဲ မူလအရောင်အလင်းရယ်
ကျွမ်းမြိုက်ဆဲ ငါ့အလွမ်းတို့ ပျောက်ကွယ်မလား
တွေဝေလွန်းတဲ့ ငါ့စိတ်တွေ မျိုသိပ်ခြင်းများ
ရင်မှာခံစားချက်များ
ပူလောင်ခြင်းတို့လွမ်းမိုးထား
ဆုံးရှုံးခြင်းများလား နူးညံ့တဲ့ငါ့စိတ်တွေ မင်းကြောင့်လမ်းတွေမှား
နင်သိနိုင်မလား မိုက်မဲပြီးချစ်နေဦးမယ်
တပ်မက်တဲ့စိတ်ရိုင်းတို့ ထိန်းချုပ်ရင်း
ဘယ်မှာဆုံးမလဲ ငါ့အချစ်တွေ အကြိမ်ကြိမ်ခံစားရင်း
နေခြည်မင်းလေးကြည့်လိုက်စမ်း မှောင်မိုက်လွန်းတဲ့ငါ့အချစ်များ
မျှော်လင့်ခြင်းတွေအရည်ပျော်ခဲ့ပြီ ဖြူစင်တဲ့အချစ်တွေ သိမ်းထားလိုက်ပြီ
မင်းမရှိတဲ့ညတွေမှာ ကြယ်စင်များက ငါ့အဖော်ထား
ရင်တွေကွဲပြီ အိမ်မက်ဆိုးတွေ ဘယ်မှာအဆုံးသတ်ဖို့ တောင်မသိတော့တဲ့ ငါ့ဘဝ

No comments:
Post a Comment