Monday, April 1, 2013

အလွမ်းနိဂုံး

ရေး - လင်းမောင်မောင်
ဆို - မာရဇ္ဇ


ရင်ခုန်သံတွေရိုးသားလို့ အဖြူရောင်စီချယ်ထားတဲ့ အကြင်နာများ
လေပြေတွေလို ညင်သာနူးညံ့ခဲ့တယ်
ပီပြင်အောင်နင်ရက်စက်လိုက်တော့
နေညိုချိန်တွေ ငါ့ရဲ့ဇာတ်သိမ်းလား
အလွမ်းများသန့်စင်လိုက်တော့မယ်
တကယ်ကိုအဆုံးသတ်သွားတော့မလား
အနာဂတ်လမ်းတွေတိုက်စားသွား
ငါ့မှာစိတ်ဓာတ်များလည်းကျချင်နေပြီ
အမှောင်တွေမှာတိုးဝင်
နင်ဟာဟန်ဆောင်ကောင်းတဲ့ အချစ်နဲ့/အချစ်နတ်ဆိုး
အလွမ်းတွေရာဇဝင်တွင်ခဲ့ပြီ / ရာဇဝင်တွင်ခဲ့ အလွမ်းတွေ
ရင်ကိုပူလောင်ခြင်းများထားခဲ့ပြီး
အဝေးဆီကိုထွက်ထားတော့

No comments:

Post a Comment