ရေး - စိုင်းစိုင်းခမ်းလှိုင်
ဆို - စိုင်းစိုင်းခမ်းလှိုင်၊ နန္နစိုင်း
ထာဝစဉ်သာမင်းတစ်ယောက်တည်းပဲချစ်နေပါရစေ
အမြတ်နိုးဆုံးပဲပေါ့ဟေ့ နားလည်မှုအပြည့်နဲ့အချစ်ရေ ကလေးလေးမင်းပဲချစ်မိပြီ နှလုံးသားလေး
အမက်မောဆုံးပဲပေါ့ဟေ့ ငါ့ဘဝထဲ မင်းပဲအချစ်ရေ
ယုံယုံကြည်ကြည် ကြင်နာခွင့်လေးတော့ နင်ပေးဟေးအိုး baby
မိန်းကလေးမင်းကဝိဥာဉ်ဖက် မိန်းကလေးမင်းကငါ့ရဲ့လိပ်ပြာ
ုငါ့ရဲ့စိတ်မှာ ဒါ emergency ကိစ္စ မင်းမရှိရင်မဖြစ်လို့
ဒါတစ်ကယ်စိတ္တဇ တစ်ညလုံးပဲ တယ်လီဖုန်းတွ ပြောချင်
မင်းရဲ့စိတ်နဲ့ငါလေပြေထဲ မျှောလွင့်မင်းကလွဲရင် အရာရာငါချိုးနှိမ်
မင်းမရှိတဲ့ငါ့ဘဝ jupsy မိုးတိမ်
ဒီလိုအချိန်တွေမှာ အချစ်ပဲလိုတာပေါ့ ငါကဝီစကီ ဆိုနင်ကဆိုဒါပေါ့
ငါထင်တယ်ငါကအာဒမ် နင်ကဧဝ
နင်ရဲ့ရှေ့မှာငါပန်းသီလိုကြွေကြ လူဆိုတာက အမှားနဲ့မကင်းလို့
နားလည်ခြင်းနဲ့ထာဝရ သူငယ်ချင်းလို မင်းကိုပေးဆပ်မယ်
ဘဝနဲ့ရင်းလို့ငါနဲ့မင်းက ဓါးနဲ့ခရင်းလို လူတိုင်းကတစ်ခါတော့ရည်းစားထားဖူးတယ်
လူတိုင်းကတစ်ခါတော့ အသည်းကွဲဖူးတယ် လူတိုင်းကတစ်ခါတော့ အချစ်ကိုရူးတယ်
ငါ့မှာအခု အိုး မင်းကိုရူးတယ် အချစ်မင်းကဘုရားပေးတဲ့ဆုပါပဲ
ဟိုးအရင်ခောတ် အဆက်ဆက်ကဖူးစာဖက်
မင်းအတွက်နဲ့ မင်းအကြောင်းပဲတွေးခဲ့ cinderella လိုတော့မင်းက အဝေးထွက်မပြေးနဲ့
အခုဆိုရင်ခုံသံတွေမြန်နေလို့
ရင်ထဲမှာတန်ဆောင်တိုင် မီးရူးပျံတွေလို
လှုပ်ရှားနေလို့ရင်ထဲ ခိုကိုးလိုက် ဖြူစင်တဲ့မင်းကငါ့ရဲ့ snow white
ကြင်နာတဲ့အကြည့်ကငါ့ရင် ကိုထိုးစိုက် ကြင်နာတဲ့အရိပ်နဲ့
ငါ့ကိုအုပ်မိုးလိုက် အနားကို တိုးလိုက် မင်းရဲ့အချစ်တွေနဲ့ငါ့ရင်ခွင် ကိုမင်း tattoo လိုထိုးလိုက်
ထာဝရအတွက်ငါဟာမင်းအတွက်
အမြဲတမ်းအတွက်ပါ နှလုံးသားဝိဥာဉ်ဖက်

No comments:
Post a Comment