Saturday, April 6, 2013

အချစ်ရဲ့ အားမာန်

ရေး - 
ဆို - ဇော်ဝင်းထွဋ်

အိုဗာတင်းတွေ ချောကလက်တွေ နင်ဝယ်ပေးတော့ ဝမ်းနည်းတယ်
မလိုပါကွယ် ဒါတွေမပေးလဲ ချစ်မှာပါ
ပြန်လည်ပြီးတော့ တစ်လှည့် မင်းငါ့ကို အမှတ်တရ ဖြစ်စေဖို့ 
ဘာဝယ်ရမှန်း ငါ့မှာ တကယ်ကို မတွေးတတ်ပြီ

အချဉ်ဟင်းတစ်ခွက် ငါးပိတစ်ခွက်နဲ့  မြိန်အောင်စားတဲ့ ငါ့မနက်စာ
နင်မြင်ပေမယ့် အတူစုံ ဇွတ်မှိတ်စားနိုင်တော့
ယုံကြည်ကိုးစားသွားခဲ့မိပြီ အချစ်ရဲ့ အားမာန်ကို
ဘဝင်တွေမြင့်သွားလောက်အောင် စိတ်ချလိုက်ပြီကွယ်
(စေတနာရှင်မလေးအတွက်)တကယ်ချစ်တယ်ဆိုရင်

လေလဲမလုံ မိုးလဲယို  အိမ်အိုကြီးရဲ့ အပွေ့ အဖက်ကို
အတူခေါ်ကာ ရင်ဆိုင်ခိုင်းဖို့ သင့်ပါ့မလား
ဘယ်လိုပဲ တို့ နှစ်ယောက် မီးတောက်အောင်ချစ်ခဲ့ကြပါစေ
ထမင်းရည်သောက်ပြီး ဘဝဖန်တီးဖို့ မပြောရက်ဘူး

(ဘယ်လိုပဲ တို့ နှစ်ယောက် ….မပြောရက်ဘူး)
(ထမင်းရည်သောက်ပြီး ဘဝဖန်တီးဖို့ မပြောရက်ဘူး)
(ထမင်းရည်သောက်ပြီး ဟူး … မပြောရက်ဘူး)

No comments:

Post a Comment