ရေး - စိန်မောင်မြင့်
ဆို - လွှမ်းမိုး
မရည်ရွယ်ခဲ့ပေမဲ့ ဒီတစ်ကွေ့တွေ့ကြရာဝယ် ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းမှ ဓနစည်းထား၍
ခြားခဲ့ပြီကွယ် စိမ်း စိမ်း ရယ်
ဘယ်လိုများစိမ်းပါသလဲလို့ ပတ်ဝန်းကျင်ကမေးလာ သမျှရယ် အတွေးရင်ဝယ် အဖြေရှာမောမောတယ်
တစ်ရံရောအခါက သူမရဲ့နှုတ်ဖျားဆီမှတီတီတာတာ စကားကြောင့်ကွယ် ဟင်
ယောက်ကျားဘသားမေတ္တာ၏ဘက်တော်သားမယ် အစစအရာရာ အလိုလိုက်အကြိုက်ပေးပိုက်ထွေးပြုစုယုယတာရယ်(ခုတော့) ရှေ့နောက်စကားမညီ မထောက်ညှာသည့်သဘောနှင့် သြော် အကောက်ညံရည်နှောလာတဲ့ စိမ်းမမသဘောပြောဘို့လည်းမလွယ်ဟောဖို့လည်းမလွယ် ချစ်ဖို့လည်းမလွယ် ပြစ်ဖို့လည်းမလွယ် မစိမ်းသင့်လည်းစိမ်းတယ် စိမ်းသင့်လည်းစိမ်းတယ် စိမ်းရယ်ချစ်ယောင်ဆောင်ထားအလိမ္မာ သကာနှုတ်ဖျားမှပီယဝါစာသကားကြွယ်သူရယ် တကယ်တော့မမစိမ်းရယ်
မကြင်လည်းစိမ်း ကြင်လည်းစိမ်းပေါ့ကွယ် အခုတော့တမူခြားလေတယ် အတူထားခဲ့တဲ့ဂတိစကားတွေပျက်ပျယ်
သစ္စာစကားမမှန် မေတ္တာအသွားအပြန်မရှိလေပါလားကွယ် ကြယ်ကြွေသည်ဆိုတော့လည်း မြေမှာမတွေ့ရ ပါတယ် ကျွန်တော်အားသက်သက်ညှာတယ် သင်ခန်းစာတစ်ခုတော့ရခဲ့ပြီကွယ်

No comments:
Post a Comment