Saturday, April 6, 2013

ပြဇတ်မဟုတ်သောပြဇတ်


ရေး - အရိုး
ဆို - ဟန်ထူးလွင်၊ V နိုထွန်း၊ ဆင်ပေါက်

မခိုင်းဘဲနှိုးတဲ့ ငှက်မျိုးစုံ မပြောပဲရောက်တဲ့ အာရုဏ်ဦး
မထွန်းပဲလင်းတဲ့ နေမင်းနဲ့ မခေါ်ပဲရောက်တဲ့ မနက်ခင်းမှာ
မခိုင်းပဲ ရေးတဲ့ စာတစ်မျက်နှာ မပြောပဲကြားမဲ့ ဘာသာစကား
မရင်းနှီးသေးတဲ့ ကောင်မလေးအတွက် မခေါ်ပဲရောက်ခဲ့သူ့အနားကို

လေပြည်ညင်းလည်း မတိုက်ခတ်ပါ တေးသံချိုချိုမပျံ့လွင့်ပါ
လက်ခုပ်တီးသူ လူမရှိပါ တကယ်လည်း ပြဇတ်မဆန်ခဲ့ပါ

မဆွဲပဲရတဲ့ ပန်းချီကားမှာ မဆိုးပဲရဲတဲ့ ဒီနှုတ်ခမ်းများ
မတောင်းပဲပြည့်တဲ့ ဆုတောင်းနဲ့ မပြင်လည်းလှတဲ့ နတ်သမီးရေ

မကမ်းတဲ့လက်တစ်ဖက် မျှော်လင့်သူ မသွားမဲ့လည်းကို ကြိုဖောက်ပြီး
မပြီးပဲ ကားချဇတ်သိမ်းတော့ မနှင်ပဲနောက်လှည့်ပြန်ခဲ့သည်

မတောင်းပဲပေးတဲ့ စာတစ်မျက်နှာ မမေးပဲပြောတဲ့ သင်္ကေတ
မဖတ်ဖို့ဖွင့်တဲ့ စာတစ်အိတ်က မမြင်လည်း သိမယ့် အမှတ်အသားပါ
10:04 PM 4/22/2013


No comments:

Post a Comment