Tuesday, April 23, 2013

မောင့်တပတ်နွမ်း


ရေး -
ဆို - စိုင်းထီးဆိုင်

ဟောင်းပေမဲ့လည်းကောင်းနေဆဲပါပဲ မသစ်ပေမဲ့လည်းကိုယ်အချစ်မလျော့ပါတယ် ကိုယ်ဟာမင်းရဲ့ပထမဆုံးမဖြစ်တောင်မှ ကိုယ်ဟာမင်းရဲ့နောက်ဆုံးသူတော့ဖြစ်ကောင်းဖြစ်မယ်
မောင့်တစ်ပတ်နွမ်းရယ်

အရှုံးကိုပိုက်ပြီးအားငယ်နေသူရယ် ပြုံးလာတဲ့အထိကိုယ်တိုးချစ်ပါမယ်
ကိုယ်ဟာမင်းရဲ့အရင်ပျော့ကွက်အပေါ် မှာဘယ်လိုမှအခွင့်အရေးမယူဘူးတကယ်စိတ်ချကွယ်
မောင့်တစ်ပတ်နွမ်းရယ်

ဒဏ်ရာဟောင်းကိုရေဆေးပစ်ပါ့မယ် ဒဏ်ရာဟောင်းနဲ့နာကျင်ခြင်းရဲ့နောက်ဆုံးနေ့ပဲ ရာဇ၀င်ဟောင်းကိုမြေမြုပ်ပစ်လိုက်မယ် ရာဇ၀င်ဟောင်းနဲ့မှိုင်တွေခြင်းရဲ့ဇာတ်သိမ်းခန်းပဲ

မောင့်တစ်ပတ်နွမ်း မောင့်တစ်ပတ်နွမ်း


ခေါင်းလေးငုံ့ပြီးဘ၀ပုံလာသူရယ် မင်းသာကိုယ်ကိုပိုင်စိုးထိုက်ပါတယ် အနိုင်ယူခြင်းနဲ့ အို မရှုံးပါရစေနဲ့
တူညီတဲ့အဆင့်နဲ့ပေါင်းချင်တယ် မပိုမလျော့ဘူးကွယ် မောင့်တစ်ပတ်နွမ်းရယ်

(ဒဏ်ရာဟောင်းကိုရေဆေးပစ်ပါ့မယ် ဒဏ်ရာဟောင်းနဲ့နာကျင်ခြင်းရဲ့နောက်ဆုံးနေ့ပဲ
ရာဇ၀င်ဟောင်းကိုမြေမြုပ်ပစ်လိုက်မယ် ရာဇ၀င်ဟောင်းနဲ့မှိုင်တွေခြင်းရဲ့ဇာတ်သိမ်းခန်းပဲ

မောင့်တစ်ပတ်နွမ်း
စိုင်းထီးဆိုင်

No comments:

Post a Comment