Sunday, April 7, 2013

လမ်းနဲ့ အလွမ်း

ရေး - ဇဝါ
ဆို - ချစ်သုဝေ

ဒီမနက်တိုင်းမှာ ငါလေ လွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးမှာလေ အချစ်ကခွဲခွာခဲ့ ပြန်တွေ့ ဖို့ ရာ
ငါလေ အခုထိ မျှော်လင့်နေဆဲ အချစ်များရဲ့ 
ဒဏ်ရာတွေသာ ငါ့အတွက် ကျန်ရစ်ခဲ့

ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်း နေချိန်တိုင်း
စိုနေတဲ့ သစ်ရွက်တွေပေါ် လမ်းလျှောက်ခဲ့တာလည်း
ပြန်မြင်ယောင်ဆဲပဲ ငါလေ နှမြောတသစွာနဲ့ 
အဆက်အစပ်မဲ့ပုံပြင်တွေသာ ငါ့ရဲ့ ရင်ခွင်ထဲ
အခုထိတော့လေ ရင်မှာ လှိုက်ဖိုရင်းနဲ့ 

(ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း )

No comments:

Post a Comment