Tuesday, April 9, 2013

ကြိုသိပါရစေ

ရေး  - အငဲ
ဆို   - ဝိုင်ဝိုင်း

နေကို ထိုင်ကြည့်ရင်း တရွေ့ရွေ့ပျောက်ကွယ် ညနေများ
ငွေစန္ဒာရဲ့ တောက်ပချိန်ဟာလည်း ညရဲ့ ခဏတာလေး

ကိုယ်အိပ်မက် မက်သူများလား ပိုခံစားတတ်လွန်းလို့လား
တို့နှစ်ယောက်အချစ်တို့ လွင့်ပြယ်မလား
ကိုယ်ခုထိမသိတဲ့ အချစ်ရဲ့ ပြဿနာ

အားလုံးပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာ
အရင်ကအချစ်တွေ ပြောင်းလဲမလား
အကြင်နာဟာ တကယ်လို့များ တစ်နေ့မှာ ဒါဏ်ရာလား
ကိုယ်ကြိုသိပါရစေ ချစ်သူရေ

ဒီရေ ဒါဏ်တွေနဲ့ ကမ်းစပ်ကျောက်ဆောင် ပဲ့ကြွေခဲ့
ခြေရာတွေရယ် လမ်းများစွာကိုလည်း ဟောင်းနွမ်းသွားစေခဲ့

ဝေးမလားလို့ ထိတ်လန့်စိတ် ရင်ထဲမှာ ဇွတ်ကြိတ်မှိတ်
ငါတော့ အိပ်မရနိုင်ပါဘူး အချစ်ဆိုတာ ပြောင်းလဲခြင်းမဲ့ တည်မြဲခြင်း
အားတင်း တွေးထားခဲ့ အချိန်ဟာ တို့အဖြေပဲ

အချစ်က ပြောင်းလဲပြီး တစ်နေ့မှာ ဒါဏ်ရာလား
ကိုယ်ကြိုသိပါရစေချစ်သူရေ
သိခွင့်ပေးပါ ချစ်သူလေး သိခွင့်ပေးတော့ ချစ်သူရယ်

No comments:

Post a Comment