Tuesday, April 9, 2013

ချစ်သူ

ရေး  - မျိုးကျော့မြိုင်
ဆို   - L လွန်းဝါ

ဘယ်အချိန်ခါမဆို ထာဝစဉ် ပြုံးရွှင်နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်းပျော်မယ် ကိုယ်ငိုရင် သူလည်းငိုမယ်
တစ်ခါတစ်လေများ အပြင်ပြဿနာတွေ ယူလာပြီး သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး ဟူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်အချိန်အခါမဆို ကိုယ့်အနားမှာ အတူရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်လေ ကြိုးစားမယ်

ဒီသီချင်လေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး ဟူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

L လွန်းဝါ

1 comment: