Tuesday, April 9, 2013

ပုံမပြောနဲ့

ရေး - အငဲ
ဆို - ကြိုးကြာ

ဒီကိုပြန်လာတာ ဘာကြောင့်လဲဟာ
ငါမျက်ရည်ကျအောင် လုပ်ခဲ့ပြီး
ပြန်ဆုံတာ တကယ်ကို မထူးတော့ပါ

နင်မြင်နိုင်တယ် ငါသိပ်စိမ်းတယ်
(ပုံပြင်အသစ်တွေ ထပ်မပြောပါနဲ့)
ဒီနေ့ငါ နင့်ကို မလွမ်းတော့ဘူး
ဘယ်လိုထင်ထင် ငါတကယ် ဂရုမစိုက်ဘူး

နင်ကိုယ်တိုင်ပြန်တွေးကြည့်ပါကွာ
အရူးအမူးချစ်တဲ့အသည်းလေး မင်းခွဲသွား
အနာတောင်မကျက်သေးပါ

ပုံပြင်အသစ်တွေထပ်မပြောပါနဲ့
(နင်ပုံပြင်တွေကို မပြောပါနဲ့ထပ်ပြီး)
မဖြစ်နိုင်ဘူး နင်ပစ်ခဲ့တဲ့ ခဲလေးထိမိသူ
(မဖြစ်နိုင်ဘူး) (နင်ပစ်ခဲ့တဲ့ ခဲလေးထိခဲ့သူ)
အရင်လိုငါ့ကို ညာမပြောပါနဲ့
(နင်အရင်လို မညာနဲ့ နောက်ထပ်ပြီး)
မဖြစ်နိုင်ဘူး နင်ဒီလိုညာပြီးထားခဲ့သူ

မဆိုင်သလိုနေတာ ကြာပြီပဲဟာ
ဘာကြောင့် ခုချိန်မှ ပြန်စဖို့တွေး
ပြန်လည်း မတွေးချင်တော့ဘူး ဒီအဖြစ်ပျက်တွေ
ငါယုံကြည်နိုင်အောင် လှည်းစားပြီးမှ
ထပ်ပြီး ငါ့အသည်းကို ခွဲဖို့လား
ငါမငိုချင်ပါ နောက်ထပ်

No comments:

Post a Comment