Monday, April 8, 2013

အင်ဂျင်ဟောင်းလေး



ရေး     - မင်းချစ်သူ
ဆို      - သျှီ

ရင်ထဲ ယန္တရားတစ်ခု မင်းကလာ တပ်ဆင်ခဲ့
ရင်ခုန်သံ အင်ဂျင်လည်ပြီး အချစ်စိတ်နဲ့ 
ကိုယ့်စက်ကကောင်းတယ် ဟောင်းတယ် မပျက်ခဲ့ဘူး
ကြာလေလေ ပါဝါတွေ ပိုတိုးနိုင်ခဲ့သူ
လာ တို့ ဘဝတွေ ရှေ့ ဆက်မယ် စွမ်းအားအပြည့်
တာရှည်ခံ လောင်စာတွေလို မင်းအချစ်ပေး

[အင်ဂျင်ဟောင်းလေး ဟေ့
(မောင်းခုတ်စမ်းဟေ့)    ဟေ့
(အင်ဂျင်ဟောင်းလေး)]ဟေ့  ခုတ်မောင်းစမ်းဟေ့

မရပ်တန့် ပါနဲ့ ဒီလမ်းတွေထဲ မတိမ်းမှောက်နဲ့ 
ကြုံမယ် ကြမ်းတမ်းခြင်း ချောမွေ့ ခြင်းများ အားလုံးဖြတ်ကျော်ခဲ့
အား  ကိုယ့်စက်အဟောင်းလေးလာ မောင်းနှင်တုန်း
ရည်ရွယ်ထားခဲ့တဲ့ မြို့ တစ်မြို့ ရောက်ရမယ် မင်းယုံ
လာလေ သွားဦးမယ် ချစ်သူလေးရေ တို့ တွေမရပ်တော့ဘူး

ကိုယ့်နှလုံးသားလေးက မင်းအတွက် ပုံပမာပြု

ဒီအချစ်စိတ်တွေ တို့ ရင်ထဲ အင်ဂျင်လိုပဲ
လူတွေ မောင်းခုတ်ဖို့  အမြဲ စက်နှိုးပေးခဲ့
မင်းလေး တပ်ဆင်ပေး ရင်မှာ ချစ်တဲ့စိတ်များဟာ
ဖြတ်သန်းလာ နေ့ ညများ ရာစုသစ်ထဲ ရောက်ခဲ့
ဘယ်သူမှ တုပ ထုတ်လုပ်မရတော့တဲ့
တီထွင်နိုင်သူ မင်းလေးရဲ့ 
[        ] မောင်း   အချစ်များ
[        ]
တို့      အင်ဂျင်လေး မောင်းလိုက်ပါမောင်း

No comments:

Post a Comment