Monday, April 8, 2013

ရူးသွပ်ခြင်း



ရေး     - မီးမီးခဲ
ဆို      - R ဇာနည်

မာယာတွေနဲ့ ငါ့အချစ်ကို နင်ဖန်ဆင်းတယ် အသည်းကွဲသီချင်းထဲ မင်းကငါ့ကို ပစ်ထားခဲ့
အဖြူရောင်အကြင်နာတွေ ရင်ကိုဖျက်ဆီးပြီး  ရက်စက်တတ်တဲ့ အိပ်မက်ဆိုးတွေ
မင်းပေးထားခဲ့ပြီး သိပ်ချစ်ခဲ့ငါ့အချစ်များကိုတော့ နင်မေ့ထားခဲ့တယ်

ငါအလိုအပ်ဆုံးမင်းအတွက်လေကြေကွဲနေ အဆိုးဆုံးလှည့်ကွက်များနဲ့ ငါ့ကို လောင်ကျွမ်းနေ
ဒဏ်ရာဆိုတာတွေ ငါမေ့ထားလည်း ရူးသွပ်တတ်တဲ့ လျှို့ ဝှက်တံခါးတွေ
မင်းဖွင့်ခဲ့တော့လေ စွဲလမ်းတတ်တဲ့ ငါ့အချစ်များစွာနဲ့ ငါချစ်ထားခဲ့တယ်

အဖြစ်အပျက်များ ဘယ်လိုမေ့လို့ ရနိုင်မလဲ ဒီမှာလေငါ့အချစ်တွေ လမ်းပြပါဦး
မင်းမုန်းသွားခဲ့ရင်တော့ အချစ်ဆိပ်သင့်ပြီပေါ့ တစ်ယောက်တည်း ဒီလိုရူးသွပ်ခဲ့

ပူလောင်နေတဲ့ အရိပ်မဲ့ဘဝမှာ ငါတစ်ယောက်တည်း
မြို့ ပျက်ကြီးလို ငါ့ရဲ့ အချစ်တွေပျက်စီးလည်း ဘယ်လိုတားဆီးမလဲ
ကိုယ်မမေ့သေးဘူး ဆိုးလွန်းလှတဲ့ မင်းချစ်ခြင်းတွေ ခါးသီးလွန်းခဲ့လည်း
သိပ်ချစ်ခဲ့တဲ့ င့ါအချစ်များစွာနဲ့  တစ်ယောက်တည်းရှင်သန်ခြင်းပဲ
ငါနေချင်တယ် အမုန်းမဲ့အချစ်များစွာနဲ့ ငါချစ်သွားဦးမယ်

ဟိုစဉ်အချစ်အကြောင်းများ ငါရင်မှာမမေ့သေးလည်း ဝေးသွားတဲ့မင်းအတွက်
ငါ့ရဲ့ အချစ်တွေနဲ့ အတူ ဒီမှာငါတစ်ယောက်တည်း အကြင်နာပျောက်ဆုံးဆဲ
လမ်းခွဲထားရစ်ခဲ့တဲ့ မင်းကိုဆက်ချစ်သွားမယ် ငါရူးခဲ့ မင်းကို ဆက်ချစ်သွားမယ်

No comments:

Post a Comment