ရေး - မောင်ဆွေနွယ်
ဆို - လွှမ်းမိုး
အချစ်ရေပြန်လာပါတော့ ပန်းတွေလည်းနွမ်းကြရော့မယ် စမ်းရေလည်းခမ်းရောမယ့် အလွမ်းမပြေဘဲတမ်းတရတယ်ဆိုလေတိုင်း ဒါတွေဟာလည်းအမှန်သဘောမမြင် ဇာတ်အစဟာမို့ပြန်ပြောရင် အမှတ်ရလာလို့သံယောဇဉ်ဖြတ်ကြပါစို့ကွယ် လို့ပြောလာတဲ့မိန်းကလေးရယ် ပြောလာတဲ့မိန်းကလေးရယ် နှစ်ယောက်သားဆုံရင်ပုံပြင်လေးတွေပြောပြတဲ့အရွယ် တို့များငယ်ငယ် တုန်းကကွယ်ဒွေးမယ်နော် ကိန္နရီမလေး ငွေတောင်ပြည်ပြန်ပြေးတဲ့ အခါဝယ်
သုဓနုမင်းသားတမ်းတ ပုံများရယ် မှန်းဆရုံနဲ့ကြေကွဲရတယ် အသည်းကညှာတာစိတ်များနဲ့ သနားတယ်ဆိုတဲ့ မိန်းကလေးရယ် ကိုယ် ဘဝခည်း သည်သို့သည်နှယ် တွေးမိရင်ပြေးကြည့်တာထက် သိမြင်နိုင်ပါတယ်
သစ္စာထားသမျှမေတ္တာ တရားကပြေကာမပျောက်နိုင်ပါလား ခြေရာဖျောက်သူမိန်းကလေးရယ် ဒွေးမယ်နော်ငွေတောင်ပြည်ကူးသလိုကွယ်သည်းမြမှုးလေးမောင့်ဘဝဧကရီနွယ် ဘယ်ဆီကိုသွားလို့ဘယ်လိုများရှာရမှာလဲ အပန်းဖြေသိပ် စမ်းရေဆိပ်ဝယ် ပန်းကလေးတွေချွေကာမျောလိုစေတနာသဘောနှင့်ပန်းပေးတာလည်းမေ့နေပြီလားကွယ်
နှစ်ယောက်သားခုတော့မဆုံပုံပြင်ထဲကဒွေးမယ်နော်ရေ သူ့ဇာတိမြေ ခွဲခွာ၍ ပြန်လေသည်နှယ် သံယောစဉ်အမျှင်တန်းသို့ကြင်ဆန်းပေါ့သက်ဝေဆွေကြော့ ဖြေရသူမတော့ ဖြေရော့လည်းမလွယ် ချစ်ပန်းလည်းနွမ်းခဲ့ပြီကွယ် မေတ္တာစမ်းလည်းခမ်းခဲ့ပြီကွယ် သစ္စာနန်းရိပ် ဖြေသိပ်ရသူမောင်တစ်ယောက်တည်းရယ်

No comments:
Post a Comment