Saturday, April 6, 2013

ရင်ခုန်ရလွန်းလို့ 





ရေး     - ငယ်ဆူးသစ်
ဆို      - ဇော်ပိုင်


ငါ မယုံကြည် မင်းလေးစိမ်းကားသွားတဲ့ မျက်ဝန်း
ငါဟာ အဆုံးမသတ်ရတဲ့ ပေးဆပ်မှုတွေ တစ်သက်လုံးပေါ့
ယုံကြည်ထားလိုက် တစ်ကယ်ပါ မင်းလေး လှမ်းကြည့်လိုက်ဦး/စမ်း

နာရီတွေ အဆိပ်တက် အိပ်ပျက်ခဲ့တဲ့ ညနက်တွေထဲ
ရင်မှာ ဟောင်းနွမ်းတော့မယ့် မင်းရဲ့ အနမ်းတွေထားခဲ့ပြီး
ဘယ်မှာ သုံးမလဲ ဘယ်ရောက်သွားခဲ့သလဲ မင်းတွေးကြည့်စမ်း

ငါဘယ်လိုရှင်းပြခွင့်ရဦးမလဲ အေးစက်သွား (အို) နင့်ရဲ့ အပြုံးတွေ
ဟိုတုန်းက အချိန်တွေပြန်ရချင်တယ် (အချိန်တွေပြန်ရချင်တယ်)
အချိန်တွေပြန်တမ်းတလို့ 

အိပ်မက်တွေ ကိုယ့်မှာ ကြယ်စင်များက ဖေးမ
(လရောင်မဲ့လို့ လွမ်းနေ)  (အမှောင်နယ်ကြီးတိုင်း)
ညတွေ မဆုံးနိုင် ဒဏ်ရာတွေနဲ့ အလွမ်းတေးညည်းလို့ 
ကိုယ့်မှာ ရင်ခုန်ရလွန်းလို့ ရူးမှာပဲ

လှောင်ရယ်သံများနဲ့ ဟိုအဝေးဆုံးမှာ ကိုယ်တစ်ယောက်တည်း
ဘယ်လိုအစားထိုးပြီးတော့ မေ့ဖို့ ခက်တယ် အတိတ်များ (နဲ့ )
ဒီပန်းချီကားလေး အရောင်တွေဟောင်းခဲ့ စွန့် ပစ်လိုက်စမ်း

ငါဘယ်လိုရှင်းပြခွင့်ရဦးမလဲ အေးစက်သွား (အို) နင့်ရဲ့ အပြုံးတွေ
ချိုမြိန်တဲ့ နှုတ်ခမ်းလေးပဲလွမ်းနေလို့ ( အိုး)
[ကိုယ်  ညနက်တွေတိုင်း မင်းအကြောင်းများတွေးရင်း (နဲ့ )
ရူးမတတ်လွမ်းမိတယ်]

No comments:

Post a Comment