Tuesday, April 23, 2013

ဆုတောင်းခဲ့ဘူးတယ်မိငယ်

ရေး -
ဆို - စိုင်းထီးဆိုင်

မကြင်နာနိုင်ရင်လည်း အရင်လိုမစိမ်းနဲ့လို့ ပြောပါရစေလား မိငယ်
မမက်ဖူးတဲ့ အိပ်မက် အခါတစ်ရာမကမက်စဉ် မရေရာနိုင်သေးတဲ့ဘဝမှာ

မလွန်ဆန်နိုင်ရင်တော့ သင်္ခါရတရားပေါ့ ပြုံးပြပါလား မိငယ်
မနှောင်းသေတဲ့အတိတ်ကြောင့် ငိုမနေနဲ့မိငယ်
မပြန်ခင်မှာသွားခဲ့ပါရစေ

အဖြစ်ဟောင်းလမ်းဘေး တစ်နေရာကိုသွားကြရင်
ပြုံးပန်းမလှတဲ့ မောင်လိုလူသားတစ်ယောက်ဟာ
ချစ်ခဲ့တဲ့မင်းတစ်ယောက် သာယာဖြောင့်ဖြူးဖို့ရာ
ဆုတောင်းခဲ့ဖူးတဲ့ ဒီအမှောင်ငိုသံတွေကြားမှာ

အနှိမ်ခံလူတွေကို ကြင်ဖော်မလုပ်ရဲလို့ ထွက်ပြေးတာလား မိငယ်
မင်းမစဉ်းစားခဲ့တဲ့ အရာတွေရဲ့အရိပ်ဟာ
ထာဝစဉ်မှောင်မဲခဲ့တယ်

(မနက်မိုးမလင်းသေးတဲ့ ဒီကမ္ဘာဒီလောကို
ဖြတ်သန်းရတော့မယ့် မောင်လိုလူသားတစ်ယောက်ဟာ

ချစ်ခဲ့တဲ့မင်းတစ်ယောက် သာယာဖြောင့်ဖြူးဖို့ရာ
ဆုတောင်းခဲ့ဖူးတဲ့ ဒီအမှောင်ငိုသံတွေကြားမှာ)၂


အဖြစ်ဟောင်းလမ်းဘေး တစ်နေရာကိုသွားကြရင်
ပြုံးပန်းမလှတဲ့ မောင်လိုလူသားတစ်ယောက်ဟာ
ချစ်ခဲ့တဲ့မင်းတစ်ယောက် သာယာဖြောင့်ဖြူးဖို့ရာ
ဆုတောင်းခဲ့ဖူးတဲ့ ဒီအမှောင်ငိုသံတွေကြားမှာ

No comments:

Post a Comment